ရခိုင်ပြည်နယ်မှာ တပ်မတော်အပေါ် စွပ်စွဲချက်တွေရှိနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်ပြည်နယ်မှာ တပ်မတော်အပေါ် စွပ်စွဲချက်တွေရှိနေ

  • 7 နိုဝင်ဘာ 2016

လွန်ခဲ့တဲ့ သီတင်း ၄ ပတ်လောက်က ရခိုင်ပြည်နယ်တွင်းက နယ်ခြားစောင့် စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပါတယ်။

အဲဒီနောက် အကြမ်းဖက်မှု တရားခံတွေကို မြန်မာ့ တပ်မတော်က လိုက်လံ ရှင်းလင်းမှုတွေ လုပ်ခဲ့ရာမှာ အရပ်သားတွေကို လိုအပ်တာထက် ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

အဲဒီက အခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာရဲ့ သတင်းကို အခြေခံပြီး ကိုအောင်သွင်က ပြောပြထားပါတယ်။