အေပက်အဖွဲ့နဲ့ အမေရိကန် ရှေ့အလားအလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အေပက်အဖွဲ့နဲ့ အမေရိကန် ရှေ့အလားအလာ

  • 21 နိုဝင်ဘာ 2016

ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ အေပက် အစည်းအဝေး အပြီးမှာ အာရှနဲ့ ပစ္စိဖိတ် ဒေသ ၂၁ နိုင်ငံရဲ့ ခေါင်းဆောင်တွေက ပိုမို လွတ်လပ်တဲ့ ကုန်သွယ်မှုတွေကို ဖော်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ ပစ္စိဖိတ် ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အမေရိကန်က ဆက်လက် မလုပ်ဆောင်ဘူးဆိုရင် အာရှ ပစ္စိဖိတ် ဒေသမှာ အမေရိကန်ရဲ့ အနေအထားကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။

နောက်တက်လာမယ့် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် အနေနဲ့ ဒေသတွင်း သဘောတူ စာချုပ်တွေကနေ နုတ်ထွက် သွားနိုင်သလား ဆိုတဲ့ မေးခွန်းတွေကိုလည်း ဒီအစည်းအဝေး အစပိုင်းမှာ မေးခဲ့ကြပါတယ်။

ကိုမိုးမြင့်က ပြောပြထားပါတယ်။