စိန်ရတုအလွန် ပန်းချီပြပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့ ပန်းချီဆရာကြီးတွေရဲ့ စိန်ရတုအလွန် ပန်းချီပြပွဲ

  • 13 ဒီဇင်ဘာ 2016

အသက်(၇၅)နှစ်နဲ့ အထက် ပန်းချီဆရာကြီးတွေရဲ့ စိန်ရတုအလွန် ပန်းချီပြပွဲကို ပြီးခဲ့တဲ့လက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဦးလွန်းကြွယ်၊ ဦးဝင်းဖေ၊ ဦးသိန်းညွန့်စတဲ့ နာမည်ကျော် ပန်းချီဆရာကြီးတွေအပါအ၀င် ရန်ကုန် နဲ့ မန္တလေးက ပန်းချီဆရာကြီး (၃၇)ဦးရဲ့ လက်ရာစုံပန်းချီကားပေါင်း (၁၀၀) ကျော် ကို ပြသခဲ့ပြီး ဝယ်ယူကြည့်ရူသူတွေလည်း များခဲ့ပါတယ်။

ခေတ်ဟောင်း ခေတ်ပြိုင် ပန်းချီတွေဟာ အခုခေတ်ကို ထင်ဟပ်ပါလား။

ခေတ်ကို လိုက်ပြီး ပြောင်းလဲရေးဆွဲနေရသလားဆိုတာတွေကို ပန်းချီပြခန်းဆီ သွားပြီး မစိုးစိုးထွန်းက တင်ဆက်ထားပါတယ်။