ဘာလင်စျေး တိုက်ခိုက်မှု သံသယရှိသူကို ဂျာမန်ရဲ ရှာဖွေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘာလင်စျေး တိုက်ခိုက်မှု သံသယရှိသူကို ဂျာမန်ရဲ ရှာဖွေ

  • 21 ဒီဇင်ဘာ 2016

ဂျာမနီနိုင်ငံမှာ ဘာလင်မြို့မှာရှိတဲ့ခရစ္စမတ် စျေးတန်းထဲကို လော်ရီကားနဲ့ ဝင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့သံသယရှိတဲ့တူနီးရှား လူမျိုးတဦးကို ရဲက လိုက်လံ ရှာဖွေနေပါတယ်။

အဲဒီလူရဲ့ မှတ်ပုံတင်ကို တိုက်ခဲ့တဲ့ကားထဲမှာတွေ့ခဲ့ရတာဖြစ်ပြီး ဒီလူဟာ ဂျာမနီမှာ ယာယီ ခိုလှုံခွင့်ရရှိထားသူဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူ၁၂ ဦးသေဆုံးခဲ့ရသလို ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်ရဲ့ လူဝင်မှုကိစ္စနဲ့ ပတ်သက်တဲ့ တံခါးဖွင့်မူဝါဒ အပေါ် ဝေဖန်နေတဲ့ လက်ယာ ယိမ်း အဖွဲ့တွေအတွက် ထောက်ပြ ပြောဆိုဖို့ အခွင့်အလမ်းတွေ ပိုရသွားစေခဲ့ပါတယ်။

ကိုမင်းထက်က ပြောပြမှာပါ။