တပ်ကြပ် လူသေစေမှုနဲ့ အပြစ်ရှိကြောင်း အစ္စရေးစစ်ခုံရုံး ဆုံးဖြတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပ်ကြပ် လူသေစေမှုနဲ့ အပြစ်ရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်

  • 4 ဇန်နဝါရီ 2017

ဒဏ်ရာရပြီး မြေပေါ်မှာ လဲနေတဲ့ ပါလက်စတိုင်း အမျိုးသား တစ်ယောက်ကို အစ္စရေး တပ်ကြပ် တယောက် က ပစ်ခတ်နေတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက် အဲဒီ တပ်ကြပ်ဟာ လူသေစေမှုနဲ့ အပြစ်ရှိကြောင်း အစ္စရေးစစ်ခုံရုံးက ဆုံးဖြတ်ထားပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နှစ်က ဟီဘရွန်မြို့မှာ ပါလက်စ္စတိုင်းအမျိုးသား Abdul Fatah al-Sharif က အစ္စရေးစစ်သားတယောက် ကို တိုက်ခိုက်ခဲ့ပြီးတဲ့ နောက် မှာ ဖြစ်ပွားခဲ့တာပါ။

တပ်ကြပ် Elor Azaria ကတော့ သူပစ်ချလိုက်တဲ့ အဲဒီ ပါလက်စတိုင်း ဟာ အသေခံ ဖောက်ခွဲရေး ခါးပတ်ကို ဖောက်ခွဲ ပစ်နိုင်တယ်လို့ သူ ယုံကြည်ခဲ့တဲ့ အကြောင်း ပြောပါတယ်။ အပြည့်အစုံကို ကိုရင်မောင်က ပြောပြမှာပါ။