ထရမ့်နဲ့ ထောက်လှမ်းရေး ခေါင်းဆောင်တွေ ဆွေးနွေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထရမ့်နဲ့ ထောက်လှမ်းရေး ခေါင်းဆောင်တွေ ဆွေးနွေးမယ်

  • 6 ဇန်နဝါရီ 2017

ထရမ့်နဲ့ အမေရိကန် ထောက်လှမ်းရေး ခေါင်းဆောင်တွေ ဆွေးနွေးမယ်

အမေရိကန်သမ္မတသစ်ဖြစ်တော့မယ့် ဒေါ်နယ်ထရမ့်ဟာ အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မှာဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားက ကြားဝင် စွက်ဖက် ခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အတွင်း ဒေါ်နယ်ထရမ့် အနိုင် ရဖို့အတွက် ရုရှား အစိုးရက ဆိုက်ဘာ တိုက်ခိုက်မှု တွေ လုပ်ခဲ့တယ် လို့ စီအိုင်အေ၊ အက်ဖ်ဘီအိုင်၊ နဲ့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အသီးသီးရဲ့ အကြီးအကဲတွေ အားလုံးက အခိုင်အမာ ပြောဆို ထားတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် ဘက်ကလည်း သူ့ သဘော ထားတွေကို သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာ မှာ ဖော်ပြ ခဲ့ပြီး ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုမင်းထက်က ပြောပြမှာပါ။