ငှက်ဖျားကို အမြစ်ဖြတ် တော့မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငှက်ဖျားဆေးသစ် အာဖရိကမှာ အင်မတန် ရလဒ်ကောင်းတွေ ထွက်ပေါ်

  • 6 ဇန်နဝါရီ 2017

ငှက်ဖျားကို အမြစ်ဖြတ် တော့မယ်

ကမ္ဘာမှာ လူသေဆုံးမှု အများဆုံး ဖြစ်စေတဲ့ ရောဂါတစ်ခု ဖြစ်တဲ့ ငှက်ဖျားရောဂါ အတွက် ကာကွယ်ဆေး တီထွင်ရာမှာ အရေးပါတဲ့ အောင်မြင်မှု မှတ်တိုင်ကို ကျော်ဖြတ် နိုင်ခဲ့ပြီလို့ သိပ္ပံ ပညာရှင် တွေက ပြောပါတယ်။

နှစ်စဉ် ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း၂၀၀ ကျော်ရှိပြီး ၅ သိန်းကျော် သေဆုံး နေရပါတယ်။

အထူးသဖြင့် အာဖရိကတိုက်မှာ အဖြစ် အများဆုံး ဖြစ်ပါတယ်။

အခုတော့ ငှက်ဖျား ကာကွယ်ဆေး သစ်တခုကို လူမှာ စမ်းသပ် ခဲ့ရာမှာ ကာကွယ် နိုင်စွမ်း အင်မတန် ကောင်းတာကို တွေ့ခဲ့ရလို့ မျှော်လင့်ချက် အသစ်တွေ ရှိလာခဲ့ပါတယ်။

ဦးဘမော်ပြောပြထားပါတယ်။