xx
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 7 ဇန်နဝါရီ 2017

နားဆင်နိုင်ပါပြီ။

၂၀၁၇ နှစ်သစ်ရဲ့ ပထမဆုံး လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ အကြောင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာပြီး အခုဆိုရင် တနှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှု အောက်မှာ လူငယ်တွေ အနေနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေ ဘယ်လောက် အကောင် အထည်ဖော်နိုင် မယ်လို့ ထင်ပါသလဲ၊ လူငယ်တွေ ဘဝ အာမခံချက် ပိုရရှိ လာမယ်လို့ မျှော်လင့် ပါသလား၊ ဘဝ အာမခံချက် ရရှိအောင် အစိုးရ အနေနဲ့ဘာတွေ ပြောင်းလဲ ပေးဖို့ လိုသလဲ ဆိုတဲ့ အကြောင်း တွေကို လူငယ်တွေ ကိုယ်တိုင် ဦးဆောင် ဆွေးနွေး ခဲ့ကြတာပါ။

ဝင်ရောက်ဆွေးနွေးခဲ့သူ အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်။

ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင် တို့ ဆွေးနွေး လိုတဲ့ အကြောင်း အရာများ ရှိခဲ့ရင်လည်း အကြံပြု ကြဖို့ ဖိတ်ခေါ် အပ်ပါတယ်။