အိုဘားမာရဲ့ နှုတ်ဆက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စိတ်လှုပ်ရှားစေတဲ့ အိုဘားမားရဲ့ နှုတ်ဆက်ပွဲ

  • 11 ဇန်နဝါရီ 2017

သမ္မတအိုဘားမာဟာ သူငယ်စဉ်နေထိုင်ခဲ့တဲ့ ချီကာဂိုမြို့မှာ လူ ၈ထောင်ကျော်ရဲ့ရှေ့မှောက်မှာ နှုတ်ဆက်မိန့်ခွန်းကိုပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမှာ Yes we can,ငါတို့ လုပ်နိုင်တယ်၊ Yes we did ငါတို့လုပ်ခဲ့တယ်လို့ ပြောခဲ့တဲ့ အိုဘားမားရဲ့ မိန့်ခွန်းကို ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြပါတယ်။အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတဖြစ်တဲ့ သူ့အနေနဲ့ သမ္မတသက်တမ်းတလျှောက်မှာ လုပ်ဆောင်ခဲ့တာတွေကို ပြောကြားခဲ့သလို၊ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်အကြောင်းပြောတဲ့အခါမှာတော့ စိတ်မကောင်းတဲ့ လေသံပြောသွားပါတယ်။ ကိုရင်မောင်က ပြောပြထားပါတယ်။