ကျုးဘား ရွှေ့ပြောင်းသူ ဆိုင်ရာ အမေရိကန် မူဝါဒ အဆုံးသတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗီဇာ မပါတဲ့ ကျုးဘားတွေကို နေခွင့်ပေးတဲ့ မူဝါဒ အဆုံးသတ်

  • 13 ဇန်နဝါရီ 2017

အမေရိကန်ကို ကျူးဘား ကနေ ပြည်ဝင်ခွင့် ဗီဇာ မပါပဲ ဝင်ရောက် လာသူတွေကို အခြေချ နေထိုင်ခွင့် ပေးတဲ့ မူဝါဒကို သမ္မတ အိုဘားမား အဆုံးသတ် လိုက်ပြီ ဖြစ်ပါတယ်။

ကျုးဘား ကနေ ဝင်လာ ကြသူတွေ အမေရိကန်မြေကို ရောက် အပြီး တစ်နှစ်ကြာရင် အမြဲတမ်း နေထိုင်ခွင့် ပေးတဲ့ မူဝါဒကို အမေရိကန် အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တာ အနှစ် ၂၀ ရှိပြီ ဖြစ်ပါတယ်။

အမေရိကန်-ကျူးဘား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ခဲ့တာ ၁၈ လ ကြာ ခဲ့ပြီ ဖြစ်ပြီး၊ အခု အခါမှာတော့ အမေရိကန်က လက်ခံပဲ ပြန်လွှတ် လိုက်သူတွေနဲ့ ပြည်နှင်ဒဏ် ပေးခံ ရသူတွေကို လက်ခံပါ့မယ် ဆိုတဲ့ ကတိကဝတ်မျိုးကို ကျုးဘား အစိုးရက ပေးခဲ့ပြီ ဖြစ်ပါတယ်။

ဒီအကြောင်း ကိုအောင်သွင်က ပြောပြ ထားပါတယ်။