xx
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 14 ဇန်နဝါရီ 2017

ရန်ကုန်ဘတ်စကား စနစ်သစ် အကြောင်း - နားဆင်နိုင်ပါပြီ။

ရန်ကုန်မြို့ ခရီးသည် ပို့ဆောင်ရေး အတွက် နှစ်ပေါင်း အတော်ကြာ ဆောင် ရွက်ပေး နေတဲ့ မထသ နဲ့ အဲဒီ အောက်မှာ ရှိတဲ့ ယာဉ်လိုင်း အားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ဖျက်သိမ်းပြီး Yangon Bus Service YBS ဆိုတဲ့ အများပိုင် စနစ်နဲ့ ဘတ်စကား လိုင်းသစ်တွေ ဇန်နဝါရီ ၁၆ ရက် တနင်္လာနေ့မှာ အစားထိုး ပြေးဆွဲတော့ မှာပါ။

အခုလို YBS ဘတ်စကား ပြေးဆွဲမယ့် စနစ်သစ်ဟာ အခု စနစ်ထက် ပိုကောင်း လာနိုင်မလား။ အရင်တုန်းက အဆင် မပြေ မှုတွေ၊ ခရီးသွားတွေ ရဲ့ စိုးရိမ်မှုတွေ အတွက် ပြေလည်အောင် အခု စနစ်သစ်မှာ ဘာတွေ လုပ်ပေး သင့်ပါ သလဲ။

သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေး ခဲ့ကြတာပါ။

ဦးဆောင်ဆွေးနွေးခဲ့သူ တွေကတော့ ကိုတရုတ်လေး (အခု ဘတ်စကား စနစ်သစ် လုပ်ငန်းမှာ ပါဝင် ကူညီလုပ်ကိုင်နေတဲ့ ယာဉ်လိုင်းပိုင်ရှင် တဦး) နဲ့

လန်ဒန် ဘတ်စကား သယ်ယူ ပို့ဆောင် ရေးမှာ နှစ် ၂၀ ကျော်ကြာ အလုပ် လုပ်နေတဲ့ ကိုစိုးဝင်းတင် တို့ ဖြစ်ကြ ပါတယ်။

ဝင်ရောက် ဆွေးနွေး ခဲ့သူ အားလုံးကို ကျေးဇူး တင်ရှိ သလို၊ အချိန် အတိုင်း အတာ ကြောင့် မပါလိုက်ရ သူ အားလုံးကိုလည်း အထူး တောင်းပန် အပ်ပါတယ်။