aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် iPhone ဆယ်နှစ်ပြည့်

  • 23 ဇန်နဝါရီ 2017

နားဆင်နိုင်ပါပြီ။

ကမ္ဘာ့ လူ့ လောကကြီး အတွက် နည်းပညာ တခေတ် ပြောင်းစေ ခဲ့တဲ့ အိုင်ဖုန်း၊ အခု ၁၀ နှစ်ပြည့် ခဲ့ပါပြီ။ ဒီတော့ အိုင်ဖုန်း ဖြစ်တည်ရာ သမိုင်းနဲ့ အနာဂတ် အိုင်ဖုန်း အလား အလာ အကြောင်း ဒီတပတ် တင်ဆက် ပေးထား ပါတယ်။

အိုင်ဖုန်း ဖြစ်စေ ခဲ့တဲ့ အဓိက နည်းပညာ အချက် ၁၂ ချက် ရှိပါတယ်။ ဒါတွေကတော့

၁။ အလွန် သေးငယ်တဲ့ မိုက်ခရို ပရိုဆက်ဆာ

၂။ မှတ်ဉာဏ် ဆိုတဲ့ Memory

၃။ Solid State hard drive ဆိုတဲ့ အချက်အလက် သိုလ်လှောင်တဲ့ အပါးစား hard drive

၄။ အရည်နဲ့ လုပ်ထားတဲ့ မျက်နှာပြင် အပြား

၅။ လစ်သီယံ နဲ့ လုပ်ထားတဲ့ ဘက်ထရီ

၆။ အဲလ်ဂိုရစ်သန် ဆိုတဲ့ ကွန်ပျူတာ တွက်ချက်တဲ့ နည်းစနစ်။

၇။ အင်တာနက်။ ဒီအင်တာနက် မရှိပဲနဲ့ စမာ့ဖုန်း တခုလို မခေါ်ဆိုနိုင်ပါ။

၈။ html အင်တာနက်ကို ပုံဖေါ် ပေးတဲ့ အင်တာနက် ဘာသာ စကား

၉။ ဆဲလ်လူလာ နက်ဝက် ဆိုတဲ့ ဖုန်း ကွန်ရက်

၁၀။ ဂျီပီအက်စ် ဆိုတဲ့ ကိုယ်ရောက် နေတဲ့ နေရာကို ပြပေးတဲ့ လမ်းညွှန်မြေပုံ စနစ်

၁၁။ touch screen ဆိုတဲ့ လက်နဲ့ တို့ထိ အမိန့်ပေး နိုင်တဲ့ မျက်နှာပြင်

၁၂။ ဆီရီ ဆိုတဲ့ ကိုယ်ပြော လိုက်တဲ့ အသံကို နားထောင်ပြီး ပြန်လည် ဖြေကြားပေးတဲ့ ဉာဏ်ရည်တု စနစ်

စတဲ့ အချက်တွေဟာ အိုင်းဖုန်း တလုံး ဖြစ်လာ စေတဲ့ အခြေခံ အချက်တွေပဲ ဖြစ်ပါတယ်။

အခု အိုင်ဖုန်း ၁၀ နှစ်ပြည့်မှာ iPhone 8 ကို ထုတ်လုပ် ပေးမယ်လို့ အက်ပဲလ် က ကြေညာ ထားပါပြီ။

ဒီတော့ ၁၀ နှစ် ပြည့် အထိမ်းအမှတ် အကြောင်း အပြည့်အစုံကို ကိုသက်ထွေးနိုင်က တင်ဆက်ပေး ထားပါတယ်။