ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်

  • 23 ဇန်နဝါရီ 2017

ဆီးရီးယားငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို ကာဇစ္စတန်နိုင်ငံမြို့တော် အက်စတာနာမှာ ကျင်းပနေပြီး အစိုးရ နဲ့ သူပုန်ကိုယ်စားလှယ်တွေကြား အပြန်အလှန် ငြင်းခုံ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဘက်ရှား အယ်လ် အဖာရီက သူပုန်ဘက်က ပြောဆိုချက်တွေဟာ အစည်းအဝေးခေါင်းစဉ်နဲ့ မသက်ဆိုင်ပဲ ရန်စမှု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂက ဦးစီးတာမဟုတ်ပဲ ရုရှား၊ တူရကီနဲ့၊ အီရန်တို့က တာဝန်ယူကျင်းပနေတာဖြစ်ပါတယ်။ အစည်းအဝေးမှာ သူပုန်အဖွဲ့တွေက အတိုက်အခံဘက်ကို ကိုယ်စားပြုပြီး ပထမဆုံးတက်ရောက်လာပါတယ်။ ကိုအောင်သွင်ကပြောပြထားပါတယ်။