တရုတ်နဲ့ ကုန်သွယ်ရေးက တင်းကျပ်မယ်လို့ ထရမ့် ပြောတာ တရုတ် စိုးရိမ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကန်ကုန်သွယ်ရေး တင်းကျပ်မှာ တရုတ်စိုးရိမ်

  • 25 ဇန်နဝါရီ 2017

အမေရိကန်သမ္မတထရမ့်က ဒီကနေ့ကစပြီးလူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်သွားမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်။ မက္ကဆီကိုနယ်စပ်မှာ လုံခြုံရေးတင်းကျပ်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက လာတဲ့သူတွေကို ပြည်ဝင်ခွင့်ဗီဇာ တင်းကျပ်ဖို့ သမ္မတအမိန့်နဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ ရှိပါတယ်။ အငြင်းပွားဖွယ် ရေနံပိုက်လိုင်းတည်ဆောင်ရေး စီမံကိန်း ၂ ခုကိုလည်း မနေ့က အတည်ပြုခဲ့ပါတယ်။

သမ္မတ ထရမ့်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးကိုလည်း တင်းကျပ်မယ်လို့ ပြောတာကြောင့် ဒီအပေါ် တရုတ်ဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြမှာပါ။