ဒေါ်နယ် ထရမ့်က ယာယီ တရားသူကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်နယ် ထရမ့်က ယာယီ ရှေ့နေချုပ်ကို တာဝန်ကနေ ရပ်စဲ

  • 31 ဇန်နဝါရီ 2017

ဒေါ်နယ် ထရမ့်က ယာယီ ရှေ့နေချုပ်ကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

သူ့ရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုတွေနဲ့ ပတ်သက်လို့ အစိုးရ ရှေ့နေတွေကို ကာကွယ်မပေးဖို့ ယာယီ ရှေ့နေချုပ် ဆယ်လီယိတ်စ်က မှာကြားခဲ့တာကို ဒါဟာ သစ္စာ ဖောက်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။ အရင် သမ္မတ အိုဘားမားက ခန့်ထားခဲ့တဲ့ ဆယ်လီယိတ်စ်က ဒီမွတ်စလင် ၇ နိုင်ငံကို ပိတ်ပင်မှုဟာ တရားမဝင်ဘူးလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

တဘက်မှာတော့ အီရတ်ပါလီမန်က အမေရိကန် က လာရောက်လည်ပတ်မှုတွေကို ပိတ်ပင်ဖို့ တောင်းဆိုလိုက်သလို လက်ဘနွန်ကို ပြေးလာတဲ့ဆီးရီးယား စစ်ပြေး ဒုက္ခသည်တွေမှာလည်း စိတ်ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆို အမေရိကန်ကဆီးရီးယား ဒုက္ခသည် ၁၂၀၀၀ ကို လက်ခံပေးခဲ့တာဖြစ်ပါတယ်။

မမေစန္ဒီက ပြောပြမှာပါ။