မူးယစ်ဆေး ဝါး တိုက်ဖျက်မှုတွေမှာ ဖိလစ်ပိုင် စစ်တပ်ကပါ ပါဝင်ဖို့ အမိန့်ထုတ်ဖို့ကာကွယ်ရေး ဝန်ကြီးဌာနက သမ္မတကို တောင်းဆို
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မနီလာမြို့တော် လမ်းတွေပေါ်က အဖြစ်တွေကို မှတ်တမ်းတင်ထား

  • 1 ဖေဖော်ဝါရီ 2017

ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေး ဝါး တိုက်ဖျက်မှုတွေမှာ ဖိလစ်ပိုင် စစ်တပ်ကပါ ပါဝင်ဖို့ အမိန့်ထုတ်ဖို့ကာကွယ်ရေး ဝန်ကြီးဌာနက သမ္မတကို တောင်းဆိုလိုက်ပါတယ်။ သမ္မတက ပြီးခဲ့တဲ့အင်္ဂါနေ့က ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီသဘောမျိုး ထည့်ပြောခဲ့တဲ့နောက်မှာ အခုလို တောင်းဆိုလိုက်တာပါ။

တဘက်မှာတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အစိုးရရဲ့ မူးယစ်ဆေး တိုက်ပွဲတွေစခဲ့တဲ့နောက်လူပေါင်း ၇၀၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်လို့ ဒါဟာ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ရာရောက်နိုင်တယ်လို့ ဆိုပါတယ်။

မနီလာမြို့တော် လမ်းတွေပေါ်က အဖြစ်တွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံသတင်းထောက် ရာဖ်ဖီ လာမားရဲ့ ပြောပြချက်တွေ ကိုရှုစားရအောင်ပါ။

ကိုအောင်သွင်က တင်ဆက်ပေးထားပါတယ်။