ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေ ပြန်ပြင်းထန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကရိန်း အရှေ့ပိုင်းမြို့ လက်နက်ကြီးဒဏ် ခံရ

  • 3 ဖေဖော်ဝါရီ 2017

ယူကရိန်း အရှေ့ပိုင်း ပြန်လည် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ရုရှားကို ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ခွဲထွက်ရေး သမားတွေ ထိန်းချုပ် ထားတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေဟာ ၂နှစ်အတွင်း အဆိုးရွားဆုံး ပြန်လည် ဖြစ်ပေါ် လာတာပါ။

အက်ဗ်ဒီယစ်ဗ်ကား ဆိုတဲ့ မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေး ညပိုင်းက လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲ ခဲ့ပြီး ယူကရိန်းအစိုးရ နဲ့ သူပုန်တွေ အပြန်အလှန် ပြစ်တင် ပြောဆို နေကြပါတယ်။

ဒီ အကြောင်း အပြည့်အစုံကို ကိုဇေယျာ ပြောပြ ထားပါတယ်။