နှစ် ၅၀ ကျော်ကြာအိမ်မပြန်နိုင်ပါ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နှစ် ၅၀ ကျော်ကြာအိမ်မပြန်နိုင်ပါ

  • 6 ဖေဖော်ဝါရီ 2017

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က အိန္ဒိယ နဲ့တရုတ်တို့အကြား ဖြစ်ပွားခဲ့တဲ့အင်ဒို ချိုင်းနား စစ်ပွဲအတွင်း အဖမ်းခံခဲ့ရတဲ့တရုတ် တပ်ဖွဲ့ဝင်တဦးဟာ ခုထက်ထိ အိန္ဒိယမှာပဲ ဆက်ရှိနေပါတယ်။

သူ ထောင်၇ နှစ်ကျခဲ့ပြီး ပြန်လွတ်လာတဲ့အခါမှာတော့ အိန္ဒိယကနေ ထွက်ခွာခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီမှာပဲ အိမ်ထောင်ရက်သားကျပြီးဆက်နေနေခဲ့ရတာပါ။ အခုတော့ အဖိုးအို ဝန်းရှိက တရုတ်ပြည်က သူ့မိသားစုဆွေမျိုးတွေနဲ့မကွယ်လွန်ခင်တွေ့ချင်ကြောင်းဆိုလာနေပါပြီ။ မရီရီအောင်က ပြောပြမှာပါ။