ဒမတ်စကပ်မြို့တော် မြောက်ဘက်က အကျဉ်းထောင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒမတ်စကပ်မြောက်ဘက်က သားသတ်ရုံအကျဉ်းထောင်

  • 7 ဖေဖော်ဝါရီ 2017

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော် မြောက်ဘက်က အကျဉ်းထောင်ကို သားသတ်ရုံလို့ လူသိများပါတယ်။ အဲဒီမှာ သေဒဏ်ပေး ကွပ်မျက်မှုတွေ ရှိနေလို့ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကအစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၅ အကြား လူပေါင်း ၁၃,၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။ သူတို့က အဲဒီ ထောင်က ထောင်သားဟောင်းတွေနဲ့ ထောင်အရာရှိတွေဆီက ပြောပြချက်တွေကို အခြေခံထားတာပါ။ သူတို့ အဆိုအရဆိုရင် အဲဒီထောင်မှာ ကြိုးပေးကွပ်မျက်မှုတွေရှိပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတယ်လို့ ဆိုပါတယ်။ မမေစန္ဒီကပြောပြမှာပါ။