အမေရိကန် ကာကွယ်ရေး ဝန်ကြီး နေတိုး  အစည်းအဝေး တက်ဖို့  ဘရပ်ဆဲလ်မြို့ ရောက်နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး နေတိုး အစည်းအဝေးတက်

  • 15 ဖေဖော်ဝါရီ 2017

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ်မက်တစ္စဟာ နေတိုး ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အတွက် ဘရပ်ဆဲလ်မြို့မှာ ရောက်နေပါတယ်။ သူက သမ္မတထရမ့် နဲ့ ဥရောပ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ ပိုသုံးဖို့ သင့်တယ် ဆိုတဲ့ သတင်းစကားကို ထပ်လောင်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် ဥရောပ နိုင်ငံတွေဘက်ကလည်း ရုရှားက သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့လာနေတာကြောင့် အမေရိကန်ဘက်က အာမခံချက်တွေ ထပ်ကြားရဖို့ မျှော်လင့်နေပြန်ပါတယ်။ ရုရှားဟာ အရှေ့ဥရောပ တင်သာမကဘဲ မြောက်ဘက်မှာပါ ခြေလှမ်းတွေ ကျယ်လာနေပြီ ဖြစ်ပါတယ်။ ကိုသိန်းမြတ်က ပြောပြမှာပါ။