မဲလ်ဘုန်းမြို့က စျေးဝယ်စင်တာ ကြီးတခု ပေါ်ကို လေယာဉ်ငယ်တစင်း ပျက်ကျ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မဲလ်ဘုန်း စျေးဝယ်စင်တာပေါ် လေယာဉ်ပျက်ကျ

  • 21 ဖေဖော်ဝါရီ 2017

ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့က စျေးဝယ်စင်တာ ကြီးတခု ပေါ်ကို လေယာဉ်ငယ်တစင်း ပျက်ကျခဲ့ရာမှာ လေယာဉ်ပေါ် ပါလာသူ ၅ ဦးလုံးသေဆုံးခဲ့ရတယ်လို့ ရဲက ပြောပါတယ်။

အက်ဆန်ဒန် လေဆိပ်ကနေ ပျံတက်လာခဲ့ပြီး မကြာခင်အတွင်း စက်ချို့ယွင်းနေကြောင်း လေယာဉ်မှူးက သတင်းပို့ခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် စျေးဝယ်စင်တာအတွင်းက တခြားလူတွေ ထိခိုက်မှု မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ မမေစန္ဒီ က ပြောပြမှာပါ။