မိုဆူးလ်မြို့ လေဆိပ်ကိုအီရတ်တပ်တွေသိမ်းပိုက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်မြို့ လေဆိပ်ကိုအီရတ်တပ်တွေသိမ်းပိုက်

  • 23 ဖေဖော်ဝါရီ 2017

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ လေဆိပ်ကို တိုက်ခိုက်ရှင်းလင်းပြီး ဝင်ရောက်လာပြီဖြစ်ပါတယ်။ မိုဆူးလ်မြို့အနောက်ဘက်ခြမ်းတ၀က်လောက်မှာရှိနေတဲ့ အိုင်အက်စ်တွေကို တိုက်ထုတ်ဖို့ အဲဒီနေရာဟာ အစိုးရထိုးစစ်ရဲ့ အဓိက အချက်အချာတခုဖြစ်ပါတယ်။ စစ်သွေးကြွတွေနဲ့ အပြန်အလှန် အပြင်းအထန် ပစ်ခတ်ခဲ့ကြတယ်လို့ အဲဒီကလာတဲ့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ တစ်လကျော်က မိုဆူးလ်မြို့အရှေ့ပိုင်းကို သိမ်းယူပြီးကတည်း အိုင်အက်စ်အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၀၀၀လောက်ကို အီရတ်လုံခြုံရေးတပ်တွေ ဖမ်းဆီးမိခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် အယ်လ်ဇိုင်ဒီ ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုအောင်သွင်က ပြောပြမှာပါ။