ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 25 ဖေဖော်ဝါရီ 2017

တကသ သမဂ္ဂ အဆောက် အအုံ ပြန်ဆောက်ရေး ဆွေးနွေးခဲ့။ နားဆင်နိုင်ပြီ။

ဦးဆောင် ဆွေးနွေးသူများ - ကိုမြအေး (၈၈ငြိမ်းပွင့်)၊ ကိုအောင်ထက်အောင် (ဗကသ)၊ ကိုဇေယျာလွင် (နကသ)၊

၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီး ဉီးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဒိုင်းနမိုက်နဲ့ ဖြိုချ ဖျက်ဆီး လိုက်တဲ့ သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ကျောင်းသမဂ္ဂ အဆောက် အအုံကို ပြန်လည် တည်ဆောက်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက တွေ့ဆုံ ဆွေးနွေး စီစဉ်မှု တွေပြုလုပ်နေ ပါတယ်။

ဒါပေမယ့်လည်း တချို့ကတော့ မူလကျောင်သား သမဂ္ဂ အဆောက် အအုံ နေရာ မှာ ပြန်မဆောက်ပဲ အဲဒီနေရာကို အမှတ်တရ နေရာ အဖြစ်သာ ထား ရှိဖို့ အကြံပြုချက်တွေလည်း ရှိနေပါတယ်။

ဒီတော့ ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်ကို ဘယ်နေရာ မှာဘယ်လို ပုံစံ တည်ဆောက်သင့်တယ် ဆိုတာကို သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးထားပါတယ်။

ကိုသက်ထွေးနိုင် တင်ဆက်ပေးထားပါတယ်။