ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အော်စကာ ဆုပေးပွဲက အလွဲအမှား

  • 27 ဖေဖော်ဝါရီ 2017

၂၀၁၇ အတွက် ဩစကာရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးကတော့ မနေ့ကပဲ ကျင်းပပြီးစီးသွားပါပြီ။ ဒါပေမယ့် လူပြောစရာ ဖြစ်ကျန်ခဲ့တာကတော့ အကောင်းဆုံးရုပ်ရှင်ဆုကို မှားပြီး ကြေညာခဲ့တာပဲဖြစ်ပါတယ်။

အစပိုင်းမှာ ဂီတ သံစုံရုပ်ရှင် ' La La Land ' ကို အကောင်းဆုံး ရုပ်ရှင် ဆုအဖြစ်ကြေညာခဲ့တာဖြစ်ပြီး အဲဒီရုပ်ရှင်အဖွဲ့ကဆုတက်ယူပြီးကျေဇူးတင်စကားပြောမလို့ ပြင်နေပါပြီ။ အဲဒီအချိန်မှာပဲဩစကာကျင်းပရေးအဖွဲ့က အပြေးအလွှားနဲ့ မှားသွားကြောင်း၊ ဆုရသူ နာမည်ပါတဲ့ စာအိပ်မှားပေးလိုက်မိကြောင်းလာပြောပါတယ်။ ပြီးတော့မှတကယ်အကောင်းဆုံးရုပ်ရှင်ဆုကို လိင်တူချင်းစိတ်ဝင်စားတဲ့ လူမည်း လူငယ်တယောက်အကြောင်းကို ဖော်ကျူးထားတဲ့'Moonlight 'က ရသွားကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီမှားယွင်းမှုနဲ့ပတ်သက်လို့ တုံ့ပြန်မှု တချို့ကို ရှုစားရအောင်ပါ။