ရိုဟင်ဂျာ ဒုက္ခသည်တွေကို သန်ဂါချာ ကျွန်းမှာ နေရချမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သန်ဂါချာ ကျွန်းမှာ ဒုက္ခသည်တွေကို နေရချမှာ စိုးရိမ်နေ

  • 2 မတ် 2017

ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၆ သောင်းကျော် ရှိပြီး ၁၉၉၀ နောက်ပိုင်း ထွက်ပြေးလာသူ စုစုပေါင်း ဆိုရင် ၅သိန်း နီးပါး ရှိတယ်လို့ ဆိုပါတယ်။

အခုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည် စခန်းတွေကို လူသူမနီးတဲ့ သန်ဂါချာ ကျွန်းကို ရွေ့ပြောင်းဖို့ စီစဉ်နေပါတယ်။

အဲဒီ နေရာဟာ ရာသီဥတု ဆိုးပြီး စိုက်ပျိုး စားသောက်ဖို့ ခက်တဲ့ အတွက် ဒုက္ခသည်တွေ အရေး စိုးရိမ်တယ်လို့ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Right Watch က စိုးရိမ်ကြောင်း ပြောနေပါတယ်။

ဦးဘမော်က အဲဒီ ကျွန်းအကြောင်း ပြောပြ ထားပါတယ်။