ညီလာခံနီးချိန် တရုတ် အာဏာပိုင်တွေ ပိုမို တင်းကြပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ပြည် ညီလာခံ နီးချိန် အာဏာပိုင်တွေ တင်းကြပ်

  • 3 မတ် 2017

တရုတ် နိုင်ငံမှာ လာမယ့် တနင်္ဂနွေ ဆိုရင် ကွန်မြူနစ်ပါတီရဲ့ အမျိုးသား လွှတ်တော် ကွန်ဂရက်စ် ညီလာခံ ကျင်းပမှာ ဖြစ်ပါတယ်။

နှစ်စဉ် ဒီလို အချိန်ဆိုရင် တရုတ်ပြည်သူတွေဟာ သူတို့ တွေ့ကြုံ ခံစား နေကြ ရတာတွေကို အုပ်စိုးသူတွေ သိအောင် ညီလာခံထံ ရင်ဖွင့်လွှာတွေ၊ အသနား ခံစာတွေ တင်ဖို့ ကြိုးစား ကြပါတယ်။

အဲဒီလို ကြိုးစားသူတွေကို တရုတ်ပြည် တဝှမ်းမှာ အာဏာပိုင်တွေက လိုက်လံ တားဆီး ခဲ့ကြပါတယ်။

ဒီလို အခြေအနေကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်ဆာ့ဒ်ဝါ့သ်က ပေးပို့တဲ့ သတင်းကို ဦးဘမော်က ပြန်ပြော ပြထားပါတယ်။