အီရတ်က မိုဆူးလ်တိုက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်က မိုဆူးလ်တိုက်ပွဲ

  • 6 မတ် 2017

အီရတ်နိုင်ငံမှာတော့ မိုဆူးလ်မြို့ကို အစ္စလာမ္မစ်နိုင်ငံ အဖွဲ့လက်က ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ အီရတ် အစိုးရတပ်ဖွဲ့တွေဟာ အရေးပါတဲ့ မြို့အဝင် တံတား တခုကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။ အီရတ်ရဲ့ဒုတိယ မြို့တော် မိုဆူးလ်ကို ပြန်ရဖို့ တိုက်ပွဲတွေ တော်တော်ကို ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့အကြောင်း အီရတ် တပ်မှူးတွေက ပြောပါတယ်။ အဲဒီ မိုဆူးလ်ကနေ ထွက်ပြေးကြသူအရေအတွက်ကလည်း ၄ သောင်းခွဲ မက ရှိပြီဖြစ်ပြီး တချို့ဆို တိုက်ပွဲတွေကြားမှာပဲ စစ်မြေပြင်ကို ဖြတ်ပြေးနေတာဖြစ်ပါတယ်။ မမေစန္ဒီက ပြောပြထားပါတယ်။