နီပေါလေထုညစ်ညမ်းမှုနဲ့ နည်းပညာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါလေထုညစ်ညမ်းမှုနဲ့ နည်းပညာ

  • 6 မတ် 2017

နီပေါက ခတ္တမန္ဒူ မြို့တော်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ဧပြီလ အတွင်းက ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်ကြီး လှုပ်ခတ်သွားခဲ့ရာမှာ လူထောင်နဲ့ ချီ သေဆုံးခဲ့ရသလို အဆောက်အအုံ များစွာလည်း ပျက်စီး ခဲ့ရပါတယ်။ အဲဒီတုန်းက ပျက်စီးခဲ့ရတဲ့ တချို့ စက်ရုံ အလုပ်ရုံတွေကိုပြန်လည် တည်ဆောက်ပြီး ဖြစ်ကြပါတယ်။ အဲဒီထဲမှာ တချိန်က လေထု ညစ်ညမ်းစေခဲ့တဲ့ အုတ်ဖိုတွေလည်း ပါပေမယ့် တချို့ကို ပိုမို သန့်ရှင်းတဲ့ နည်းပညာတွေနဲ့ တည်ဆောက် ထားကြတာဖြစ်ပါတယ်။ တချိန်က လေထုအညစ်ညမ်းဆုံး မြို့တော်တခုဖြစ်တဲ့ ခတ္တမန္ဒူမှာ ဒီနည်းနဲ့ လေထု ညစ်ညမ်းမှုတွေ လျော့ကျသွားနိုင်မလား။ ဘီဘီစီရဲ့ လေသန့်ရှုခွင့် အထူးအစီအစဉ်မှာ ရှုစားရအောင်ပါ။ ဦးဘမော်က ပြောပြထားပါတယ်။