ေေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 25 မတ် 2017

တပ်မတော်မှာ တပ်ဖွဲ့ဝင်နည်းလာတဲ့ အကြောင်း နားဆင် နိုင်ပြီ။

ဦးဆောင်ဆွေးနွေးသူများ - ဘူးလက် လှဆွေ (တပ်ရင်းမှူးဟောင်း) ၊ ကိုမြင့်ဝေ (တပ်မတော်သားဟောင်း ၅၀၁ လေတပ်စခန်း မှော်ဘီ)

လာမယ့် မတ်လ ၂၇ ရက် နေ့ဟာ ၇၂ နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။

မျက်မှောက်ခေတ် တပ်မတော် တပ်ရင်း တွေမှာ ဖွဲ့စည်းပုံ ထက်ကို တပ်ဖွဲ့ဝင် အင်အား အများကြီး လျော့နည်းနေတာကို တွေ့ရပါတယ်။

ဒါဟာ တပ်သားသစ် ဝင်ရောက်မှု နည်းလာလို့လား။ အဲဒီလို ဆိုရင် ဘာကြောင့် အခုလို ဝင်ရောက်မှု နည်းလာ နေရတာပါလဲ။

တပ်သား စုဆောင်းရေးမှာ အခက် အခဲတွေ ရှိမယ် ဆိုရင် တပ်မတော် ရဲ့အနာဂတ် အပေါ် ဘယ်လောက် အထိ ရိုက်ခတ် နိုင်မလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

ကိုသက်ထွေးနိုင် တင်ဆက်ပေးထားပါတယ်။