ဆိုင်ကလုံး ဒက်ဘီ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဩစတေးလျထဲ ဆိုင်ကလုံး ဒက်ဘီ ဝင်

  • 28 မတ် 2017

ဩစတေးလျ အရှေ့မြောက်ကမ်းရိုးတန်းမှာ အင်အားပြင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းကြီး တိုက်ခတ် သွားခဲ့လို့ အပျက်အစီးတွေ များသလို လူနေအိမ် ထောင်သောင်းချီပြီးလျှပ်စစ်ဓာတ်အား ပြတ်တောက် နေပါတယ်။

တနာရီကို ၂၆၃ ကီလိုမီတာ လေတိုက်နှုန်း ရှိတဲ့ ဆိုင်ကလုံး ဒက်ဘီဟာ ပြင်းအား အဆင့်၄ သတ်မှတ်ထားတဲ့ မုန်တိုင်းဖြစ်ပြီး ကွင်းစလန်း ပြည်နယ်ထဲ ဝင်ရောက် တိုက်ခတ် သွားခဲ့တာပါ။

အခုတော့ ကုန်းတွင်း ဝင်ရောက် သွားပြီဖြစ်လို့ အဆင့်၂ အဆင့်ကို လျော့ကျ သွားခဲ့ပြီ ဖြစ်ပေမယ့် ဖျက်စီး နိုင်စွမ်း ကတော့ ကြီးမားနေဆဲ ဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။