တီဘီကုထုံးသစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကားတွေ ဈေးကြီးတဲ့ အီသီယိုပီးယား

  • 28 မတ် 2017

အီသီယိုးပီးယားမှာ စီးပွားရေး တိုးတက် လာပေမယ့် ကားတစ်စင်း ပိုင်ဖို့ဆိုတာ လူတော်တော်များများ အတွက်တော့ အိမ်မက် တခုလို ဖြစ်နေဆဲပါ။

အရှေ့အလယ်ပိုင်းနဲ့ ဥရောပဆီက တင်သွင်းလာတဲ့ တပတ်ရစ် ကားဟောင်းတွေ တောင်မှ ဒေါ်လာသောင်းနဲ့ချီ ပေးနေရတော့ တော်ရုံလူ ကားမဝယ်နိုင်ပါဘူး။

အစိုးရကလည်း ကားဟာ ဇိမ်ခံပစ္စည်း ဖြစ်တယ်ဆိုပြီး မူချထားသလို ကားသွင်းလာရင် အခွန်က ၃၀၀ ရာခိုင်နှုန်း ပေးနေရပါတယ်။

လေ့လာမှုတခုအရ အီသီယိုးပီးယားဟာ ကမ္ဘာပေါ်မှာ ကားသုံးသူ အနည်းဆုံးဖြစ်ပြီး လူ ၁၀၀၀ မှာ ကား ၂ စင်းပဲသုံးနိုင်ကြပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။