မိုဆူးလ်မှာ အီရတ်တပ်တွေ ရှေ့တိုးနိုင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်မှာ အီရတ်တပ်တွေ ရှေ့တိုးနိုင်

  • 29 မတ် 2017

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အိုင်အက်စ် လက်က ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ အီရတ်တပ်တွေက လမ်းတွေ၊ အိမ်တွေ အကြားမြို့တွင်း တိုက်ပွဲတွေမှာ ရှေ့ကို တိုးလာနိုင်ပြီဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က အိုင်အက်စ် အဖွဲ့ခေါင်းဆောင် အဘူဘာကာ အဲလ်ဘဂ္ဂဒါဒီ ခါလီဖိတ် ထူထောင်ကြောင်း ကြေညာ ခဲ့တဲ့ ဗလီရှိတဲ့ နေရာတဝိုက်ကိုလည်း ပိုမို ထိန်းချုပ်လာနိုင်နေပြီလို့ ဆိုပါတယ်။

အဲဒီက အီရတ် စစ်တပ်နဲ့အတူ လိုက်ပါသတင်းယူနေတဲ့ ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝင်ရဲ့သတင်းကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။