ဗြိတိန် အီးယူက ထွက်ဖို့ တရားဝင်အသိပေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန် အီးယူက ထွက်ဖို့ တရားဝင်အသိပေး

  • 29 မတ် 2017

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ၄၄ နှစ်ကြာခဲ့အပြီးမှာ ဗြိတိန်က အီးယူကနေ ထွက်တော့မယ့်အကြောင်း တရားဝင် အသိပေးလိုက်ပြီဖြစ်ပါတယ်။

ဘရပ်ဆဲလ်က ဗြိတိသျှ သံအမတ်ကြီးက လစ္စဘွန်း သဘောတူစာချုပ်ရဲ့ အပိုဒ်ခွဲ ၅၀ အရ ခွဲထွက်တော့မယ့် အကြောင်းကြားစာကို ဥရောပ ကောင်စီဥက္ကဌ ဒေါ်နယ်တုစ်ခ်ကို ပေးအပ်ခဲ့ပါတယ်။

အဲဒီထဲမှာ ဗြိတိသျှ ဝန်ကြီးချုပ်က လာမယ့် ၂ နှစ် အတွင်းမှာ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာတွေ ပါဝင်ပါတယ်။

ယူကေ တကယ်တမ်း ထွက်ပြီးတဲ့အထိ ဘယ်လိုအဆင့်တွေ ဖြတ်ကျော်ရပါမလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ကိုမင်းထက် က ပြောပြမှာပါ။