အီဂျစ်မှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာထား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဂျစ်မှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာထား

  • 10 ဧပြီ 2017

အီဂျစ်နိုင်ငံမှာ တနင်္ဂနွေနေ့က အလက်ဇန်းဒရီးယားနဲ့ တန်တာ မှာ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ လူ ၄၀ ကျော် သေဆုံးခဲ့ရပါတယ်။

အဲဒါကြောင့် ၃ ရက်ကြာ ဝမ်းနည်းကြေကွဲခြင်း ကြေညာထားပြီး သေဆုံးသူတွေထဲက တချို့ကိုစတင် သင်္ဂြိုဟ်နေကြပြီဖြစ်ပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သမ္မတ အဗ္ဗဒူလ် ဖာတာ အဲလ်စီစီက နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ၃ လ ကြေညာလိုက်ပြီး အာဏာပိုင်တွေကိုလည်း ဝရမ်း မလိုဘဲ အိမ်တွေကိုဝင်ရှာဖွေခွင့်ပြုလိုက်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။