မြောက်ကိုရီးယား ကိစ္စ ဂျီ ၇ နိုင်ငံတွေ ဆွေးနွေးမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယား ကိစ္စ ဂျီ ၇ နိုင်ငံတွေ ဆွေးနွေးမယ်

  • 10 ဧပြီ 2017

အမေရိကန် မှာ သမ္မတ ထရမ့်တက်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့စက်မှုအင်အားကြီး ဂျီ ၇ နိုင်ငံတွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့ တပတ်က ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုကိစ္စတွေ ဖြစ်ခဲ့အပြီးမှာ အခုလို ဆွေးနွေးကြတာဖြစ်ပါတယ်။ အီတလီကို ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆင်က ဝါရှင်တန် အနေနဲ့ အပစ်မဲ့ပြည်သူတွေကို တိုက်ခိုက်လာသူ ဘယ်သူ့ကိုမဆို လက်ပိုက်ကြည့်မနေဘူးလို့ ပြောလိုက်ပါတယ်။

အခုတွေ့ဆုံကြတဲ့အခါမှာ ရုရှားကို ဆီးရီးယား အစိုးရနဲ့ခပ်ခွာခွာ နေဖို့အတွက်လည်း ဖိအားတွေ ပေးနိုင်ဖို့ ဆွေးနွေးကြဖို့ ရှိသလို မြောက်ကိုရီးယား ရဲ့နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြမှာပါ။

ကိုးရီးယားကျွန်းဆွယ်မှာ အမေရိကန်ကလည်း စစ်သင်္ဘောတွေစေလွှတ်ထားပါတယ်။

ကိုမိုးမြင့် က ပြောပြမှာပါ။