ဒုက္ခသည်ကလေးရဲ့ အနာဂတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည်ကလေးရဲ့ အနာဂတ်

  • 12 ဧပြီ 2017

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဟာမာဒါမင် မိသားစု အီရတ်ကနေထွက်ပြေးခဲ့ကြရပါတယ်။ သူတို့ရဲ့ အကြားအာရုံချို့ယွင်းနေတဲ့သားကလေးကို အစ္စလာမ္မစ်နိုင်ငံအဖွဲ့က သတ်ဖြတ်မှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ အခုတော့ ဒီကလေးဟာ ဗြိတိန်မှာ ကျောင်းတက်နေပြီဖြစ်ပြီး နားမကြားသူတွေ ကိုယ်လက်အမူအရာနဲ့ဆက်သွယ်တဲ့ ဘာသာ စကားကို သင်ယူနေပြီဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ မိသားစုဟာ ဗြိတိန်ထဲ တရားမဝင် ဝင်ရောက်လာခဲ့တယ်ဆိုပြီး ဂျာမနီကို နှင်ထုတ်ခံရမယ့် အခြေအနေတရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ ကိုသက်ထွေးနိုင်က ပြောပြထားပါတယ်။