နွားနဲ့ကျွဲ မသတ်ရတဲ့ အိန္ဒိယပြည်နယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကန် နဲ့ ရုရှားဝန်ကြီးတွေ သဘောထားကွဲ

  • 12 ဧပြီ 2017

အမေရိကန် နိုင်ငံခြားရေး ရက်စ် တေလာဆင်ဟာ မော်စကိုမြို့မှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့တဲ့ တပတ်က အမေရိကန်က ဆီးရီးယား ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းကြောင်းနဲ့ ဒါမျိုး ထပ်မဖြစ်သင့်ကြောင်း ပြောထားခဲ့တာပါ။ ရက်စ်တေလာဆင်ဘက်ကတော့ ကရင်မလင်ကနေ ဆီးရီးယား သမ္မတကို ထောက်ပံ့နေတာတွေကို ရပ်ဆိုင်းရေး တိုက်တွန်းနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရုရှားဘက်က သူ့မဟာမိတ်ကိုစွန့်ပစ်သွားမယ့် အရိပ်အယောင်တောင် မပြသေးပါဘူး။ ကိုရင်မောင်က ပြောပြမှာပါ။