အမေရိကန်က အာဖဂန်ထဲမှာ ဗုံးအကြီးစားကြီး ကျဲချ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်က အာဖဂန်ထဲမှာ ဗုံးအကြီးစားကြီး ကျဲချ

  • 14 ဧပြီ 2017

အမေရိကန်ပြည်ထောင်စုက နျူကလီးယား ဗုံးမဟုတ်ဘဲ တိုက်ပွဲကာလ အတွင်းသုံးထဲ ဗုံးတွေထဲမှာ အကြီးမားဆုံး ဗုံးကြီး တလုံးကို အာဖဂန်နစ္စတန်ထဲမှာကျဲချခဲ့တာကြောင့် စစ်သွေးကြွ ၃၆ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဗုံးကြီးကို ဗုံးတကာတို့ရဲ့မိခင်'mother of all bombs"၊ MOAB လို့ ခေါ်ကြပါတယ်။ တကယ်ဆိုလိုတာက စိတ်ဓာတ်စစ်ဆင်ရေး အတွက် သုံးစွဲတဲ့ လက်နက်လည်းဖြစ်ပါတယ်။

အခု ကျဲချခဲ့တာကတော့ ပါကစ္စတန် နဲ့နယ်စပ်နားက အရှေ့ပိုင်း နန်ဂါဟာ ပြည်နယ် အတွင်းက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ မြေအောက် ဥမင်တွေကို ဖျက်စီးပစ်ဖို့ အတွက် ဖြစ်ပါတယ်။

ကိုမိုးမြင့်က ပြောပြမှာပါ။