တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံး စနစ် အမြန်တပ်မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံး စနစ် အမြန်တပ်မယ်

  • 17 ဧပြီ 2017

မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချဖို့ ဒုံးခွင်းဒုံး စနစ် တမျိုး အမြန်ဆုံး တပ်ဆင် လည်ပတ်သွားဖို့ တောင်ကိုရီးယား နဲ့ အမေရိကန် ဒုသမ္မတတို့ အကြား သဘောတူညီမှု ရခဲ့ပါတယ်။

အဲဒီဒုံးခွင်းဒုံးစနစ်ဟာ တဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို လေထဲမှာလမ်းခုလပ်က ဖြတ်ပြီး ပစ်ချနိုင်ပါတယ်။ ဒုသမ္မတ မိုက်ပဲန့်စ်က သူတို့ နှစ်နိုင်ငံကြားမှာ သွေးစည်း ညီညွတ်မှု ရှိတယ်။ တကယ်လို့ တရုတ်က မြောက်ကိုရီးယား ကိစ္စကို မဖြေရှင်းနိုင်ရင်အမေရိကန်နဲ့ မဟာမိတ်တွေက ဖြေရှင်း သွားမယ်လို့ ဆိုပါတယ်။

ကိုမိုးမြင့်က ပြောပြမှာပါ။