ပါရီတိုက်ခိုက်မှု နောက်ဆုံးအခြေအနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီတိုက်ခိုက်မှု နောက်ဆုံးအခြေအနေ

  • 21 ဧပြီ 2017

ပြင်သစ်နိုင်ငံပါရီမြို့တော်မှာ ရဲတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံခဲ့ရပြီး ၃ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ပြင်သစ် ဝန်ကြီးချုပ်က ဒီ တိုက်ခိုက်မှု ကြောင့် လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရွေးကာက်ပွဲအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀၀ နဲ့ စစ်သား ၇၀၀၀ ကို တာဝန်ချထားပါတယ်။

ပြင်သစ် သမ္မတလောင်းတွေကလည်း သေဆုံး ဒဏ်ရာရသူတွေနဲ့ သူတို့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းတွေ ပြောကြားခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကိုမရီရီအောင်က ပြောပြမှာပါ။