ဆီးရီးယား ရာကာ မြို့အနီးက အခြေအနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား ရာကာ မြို့အနီးက အခြေအနေ

  • 24 ဧပြီ 2017

ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အစ္စလာမ်မစ်တွေရဲ့ ရန်ကြောင့် ဘယ်ပြည်ပ မီဒီယာကမှ သတင်းမယူနိုင်ခဲ့ကြပါဘူး။

အခုတော့ တချိန်က အစ္စလာမ်မစ်နိုင်ငံအဖွဲ့ ကြီးစိုးထားခဲ့တဲ့ ရာကာမြို့ပြင်ကို ဘီဘီစီအဖွဲ့က ရောက်ခဲ့ပါတယ်။

အလက်ပိုပြည်နယ်ရဲ့ နေရာ တချို့ဟာလည်း အခုဆို တူရကီက ထောက်ပံ့ပေးနေတဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်က ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

ဆီးရီးယားက ရှုတ်ထွေးတဲ့ ပြည်တွင်းစစ်အခြေအနေအပေါ် ရုရှားနဲ့ အမေရိကန်တို့ ကလည်း အိုင်အက်စ်ကို ချေမှုန်းဖို့ တဘက်ဆီကို ထောက်ခံပေးနေကြပြန်တော့ ဆီးရီးယားပြဿနာဟာ ပိုမို ရှုပ်ထွေးလို့ လာနေပြန်ပါတယ်။

ဆီးရီးယား အနောက်မြောက်ပိုင်း အဲလ်ဘတ်က သတင်းပေးပို့ ချက်တွေကို ကိုမိုးမြင့်က ပြောပြမှာပါ။