ဘဘ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 29 ဧပြီ 2017

အတန်းကူပြောင်း စနစ်သစ် အဆင်သင့် ဖြစ်ပြီလား....နားဆင်ပါ

ဦးဆောင်ဆွေးနွေးသူများ - ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာတင်အောင်

သပြေပညာရေး ဖေါင်ဒေးရှင်း အစီအစဉ်ညွှန်ကြားရေးမှူး ဒေါက်တာ ဇင်မာဦး၊

မြန်မာနိုင်ငံ ပညာရေး စနစ်သစ်မှာ စတုတ္ထတန်း အဌမ နဲ့ ဒသမ တန်းက လွဲပြီး၊ စာမေးပွဲ ဖြေစရာ မလိုပဲ အကဲဖြတ် စိစစ်တဲ့ စနစ်နဲ့ အတန်းတက် ပေးနေပြီ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ဆုတ်ယုတ် ကျဆင်းနေ ခဲ့တဲ့ ပညာရေး စနစ်ကို ပြန်လည် မြှင့်တင်နိုင်ဖို့ အတွက် အခုလို အတန်းကူး ပြောင်းမှု အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာပါ။

ဒီလိုပြောင်းလဲမှုနောက်ကို ဆရာနဲ့ ကျောင်းသူ ကျောင်းသားတွေ လိုက်ပါပြောင်းလဲ နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ မြင်ပါသလား။ လက်တွေ့မှာ ဘယ်လို အခက် အခဲမျိုးတွေ ကြုံတွေ့နေရလို့ ထိရောက်တဲ့ ပြောင်းလဲမှု ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်သင့် သလဲ ဆိုတာ သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

ပါဝင်ဆွေးနွေးသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။