စီးပွားရေးသုံးသပ်ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေးသုံးသပ်ချက်

  • 6 မေ 2017

မြန်မာပြည်မှာ မိုဘိုင်းဖုန်းတွေနဲ့ ငွေလွှဲနိုင်တဲ့ စနစ်ကို အသုံးပြုတာတွေ က အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးတက်လာတော့မယ် လို့ မှန်းဆနေကြပါပြီ။

ဘဏ်စနစ်တွေအားနည်းနေပေမယ့် မိုဘိုင်း ကွန်ယက် လွှမ်းခြုံမှုက မြန်မာပြည် လူဦးရေ ရဲ့ ၉၀ ရာခိုင်နှုန်းလောက် ကို လွှမ်းနေပြီဖြစ်လို့ မိုဘိုင်းဖုန်း နဲ့ ငွေလွှဲ ကြတဲ့ စနစ် ကို ရင်းနှီးမြှုပ်နှံသူတွေအကြား စိတ်ဝင်တစား ရှိနေပါပြီ။

တယ်လီနော က အဲဒီ ဝန်ဆောင်မှု စနေပြီဖြစ်သလို၊ အော်ရီဒူး၊ အမ်ပီတီ တို့ကလည်း ပြင်ဆင်နေတာပါ။

သုတေသီ တယောက်ဖြစ်ပြီး မိုဘိုင်းဖုန်း ကနေ Digital Financial Service ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှု စနစ်ကို မြန်မာပြည်မှာ ထွန်းကားလာစေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ မပွင့်ထွန်း က ဒီစနစ် က မြန်မာပြည်သူပြည်သား အများအပြားအတွက် အကျိုးရှိမှာ ဖြစ်သလို အထူးသဖြင့် ဆင်းရဲသူတွေအနေနဲ့ ဒီ နည်းလမ်းကို သုံးခြင်းအားဖြင့် သူတို့ ဘဝတွေတိုးတက်ကောင်းမွန် လာမယ်လို့မြင်ထားပါတယ်။

ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှု စနစ် အကြောင်းနဲ့ မြန်မာပြည်အလားအလာ အကြောင်း နားဆင်နိုင်ပါပြီ။ ကိုရင်မောင် စီစဉ်တင်ဆက်ပေးထားတာပါ။