ပြင်သစ် သမ္မတသစ် ဘယ်လိုလူလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြင်သစ် သမ္မတသစ် ဘယ်လိုလူလဲ

  • 8 မေ 2017

ပြင်သစ်သမိုင်းမှာ စာမျက်နှာသစ်ဖွင့်လိုက်ပြီလို့ ရွေးကောက်ခံသမ္မတ အီမန်နျူယဲလ် မက်ခရွန်းက ပြောခဲ့ပါတယ်။

လက်ယာစွန်းမာရီန်း လပန်းကို အပြန်အသတ်နဲ့ အနိုင်ရခဲ့ပြီး အခုလို ပြောခဲ့တာပါ။

သူက မဲအရေအတွက် ၆၆ ရာခိုင်နှုန်း ရခဲ့ပြီး မာရီန်း လပန်းက ၃၄ ရာခိုင်နှုန်းရခဲ့တာပါ။ သူဟာတနင်္နွေန့မှာ သမ္မတအဖြစ် လက်ခံ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် လည်းမဟုတ် ဆိုရှယ်လစ်ပါတီကလည်း မဟုတ်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့တာပါ။

သူဘယ်လိုလူလဲ ဆိုတာကို မသီဒါနွယ်ကပြောပြမှာပါ။