အဆုတ်ကင်ဆာကို သွေးစစ်ရုံနဲ့သိနိုင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဆုတ်ကင်ဆာကို သွေးစစ်ရုံနဲ့သိနိုင်

  • 8 မေ 2017

အဆုတ်ကင်ဆာပြန်ဖြစ်မဖြစ် စကင်တွေမှာ မပြခင် တနှစ်လောက်ကြိုပြီး သွေးစစ်ကြည့်ရုံနဲ့ သိနိုင်တဲ့ နည်းကို ယူကေသိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီနည်းနဲ့ ဘယ်လို လူနာမျိုးက အဆုတ်ကင်ဆာပြန်ပြီးဖြစ်လာနိုင်မယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသားရော အမျိုးသမီးပါ အများဆုံးသေစေတဲ့ အဆုတ်ကင်ဆာနဲ့ပတ်သက်လို့ အခု တီထွင်မှုဟာ အကြီးမားဆုံး အသေးစိတ်အကျဆုံး မျိုးဗီဇ လေ့လာစိစစ်မှုဖြစ်ပါတယ်။