FBI
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

FBI အကြီးအကဲ ထုတ်ခံရမှုကြောင့် သမ္မတ အပေါ် သံသယကြီးထွား

  • 10 မေ 2017

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဌာန အက်ဖ်ဘီအိုင်ရဲ့အကြီးအကဲ ကို သမ္မတ ထရမ့်က တာဝန်က ရပ်စဲလိုက်တာနဲ့ပတ်သက်လို့ အံ့ဩမှုတွေနဲ့အတူ မေးခွန်းတွေလည်း ထွက်လာနေပါတယ်။ ဂျိမ်းစ် ကွမ်နေဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားရဲ့ပါဝင်ပါသက်မှုတွေ ရှိခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ တာဝန်ယူစုံစမ်းစစ်ဆေးခဲ့သူဖြစ်ပါတယ်။

အိမ်ဖြူတော်ဘက်ကတော့ ရှေ့နေချုပ်ဂျက်ဖ် ဆက်ရှင်စ်နဲ့ သူ့လက်ထောက်တို့ရဲ့ အကြံပေးချက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။