တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း

  • 12 မေ 2017

အမေရိကန် နဲ့တရုတ်အကြား ရက်ပေါင်း ၁၀၀ လောက် ညှိနှိုင်းခဲ့ကြအပြီး ပြီးခဲ့တဲ့ လက သမ္မတ နှစ်ဦး တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ကုန်သွယ်ရေး သဘောတူညီချက်တခုကို ကြေညာလိုက်ပါတယ်။

တရုတ်က အမေရိကန်က အမဲသား တင်ပို့မှုကို ပိတ်ပင်ထားတာကို ပြန်လည် ဖွင့်ပေးမှာဖြစ်ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေအတွက် စျေးကွက်ကိုလည်းဖွင့်ပေးလိုက်ပါတယ်။ အမေရိကန်ဘက်ကတော့ တရုတ်က လာတဲ့ ချက်ပြီးသား ကြက်သားတွေကို တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်။

တရုတ်ပြည်မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံပါတဲ့ ရပ်ဝန်းတခုလမ်းကြောင်းတကြောင်း ဆိုတဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံကြီးမစခင် တရက်အလိုမှာ အခုလို ကြေညာလိုက်တာ ပဲဖြစ်ပါတယ်။

ဦးဘမော်က ပြောပြမှာပါ။