ရုရှားနဲ့ သတင်းအချက်တွေ ဖလှယ်တာ မရှိလို့ အိမ်ဖြူတော်ငြင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှားနဲ့ သတင်းအချက်တွေ ဖလှယ်တာ မရှိလို့ အိမ်ဖြူတော်ငြင်း

  • 16 မေ 2017

အမေရိကန် သမ္မတ ထရမ့်က သူ့အနေနဲ့ ရုရှားနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖလှယ်ချင်ရင် ဖလှယ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောလိုက်ပါတယ်။ သူက ရုရှားနဲ့ အကြမ်းဖက်မှုနဲ့ လေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်တွေဖလှယ်ခဲ့တယ်အစ္စလာမ်မစ် နိုင်ငံအဖွဲ့ကို ချေမှုန်းရေး တွေမှာ ရုရှားက ပိုမို ပါဝင်သင့်တယ်လို့ တွစ်တာပေါ်မှာ ရေးခဲ့တဲ့နောက်မှာ အရေးကြီး သတင်းတွေကို ဖလှယ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

အိမ်ဖြူတော်ဘက်ကတော့ မစ္စတာ ထရမ့်ဟာ ဘယ် ထောက်လှမ်းရရှိထားတဲ့ အချက် အလက်ကိုမှ မော်စကိုနဲ့ မဖလှယ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့သလို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း ဒါကို ငြင်းဆိုခဲ့ပါတယ်။

ဦးဘမော်က ပြောပြမှာပါ။