စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတထရမ့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတထရမ့်

  • 17 မေ 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အရင် ဝန်ထမ်းဟောင်း တဦးနဲ့ ရုရှားဆက်နွယ်ပတ်သက်မှုတွေရှိခဲ့သလား ဆိုတာကို အက်ဖ်ဘီအိုင် က ဆက်ပြီး မစစ်ဆေးဖို့ ပြောခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက် အမေရိကန်ဒေါ်လာတန်ဘိုးဟာလည်း ၆ လအတွင်း အနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။ အိမ်ဖြူတော်ဘက်ကတော့ ဒါနဲ့ပတ်သက်လို့ ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ ရုရှားသမ္မတပူတင်ကလည်း အမေရိကန်ဘက်က ဘာလျှို့ဝှက်အချက်အလက်တွေမှ သူတို့ဘက်ကို မပေးခဲ့ကြောင်းနဲ့ သူ့နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံစဉ်က အစည်းအဝေးမှတ်တမ်းကိုတောင် ပြနိုင်တဲ့အကြောင်း ပြောလိုက်ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။