စတက်တင်ဆေးနဲ့ အာရုံကြောဆိုင်ရာ ရောဂါကို ကုနိုင်မလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စတက်တင်ဆေးနဲ့ အာရုံကြောဆိုင်ရာ ရောဂါကို ကုနိုင်မလား

  • 17 မေ 2017

နှလုံးရောဝါနဲ့ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လျော့နည်းအောင် ကိုလက်စထရောဆိုတဲ့ အဆီဓါတ် ကျစေတဲ့ စတက်တင်ဆိုတဲ့ဆေးကို သောက်နေသူ ယူကေမှာ သန်းချီရှိနေပါတယ်။

အခုတော့ ဒီဆေးဟာ multiple sclerosis MS ဆိုတဲ့ ဦးဏှောက်နဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတမျိုးကို ကုသရာမှာ ဘယ်လောက် အထောက်အကူပေးနိုင်မလဲဆိုတာ သိရဖို့ ဒေါ်လာသန်းချီကုန်မယ့် ၆ နှစ်ကြာစမ်းသပ်မှုကြီး စတင်တော့မှာ ဖြစ်ပါတယ်။

MS ကြောင့် ဗဟို အာရုံကြောစနစ်ကို ထိခိုက်ပြီး ကိုယ်လက်လှုပ်ရှားဆိုင်ရာအပါအဝင် ဝေဒနာတွေ ဖြစ်စေပါတယ်။ ဒီရောဂါပိုဆိုးမလာအောင် စတက်တင်က ကူညီနိုင်မယ်လို့ ယူဆနေကြပါတယ်။

ဦးဘမော်က ပြောပြမှာပါ။